
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည်သီရိရွှေသာဈေး ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ သီရိရွှေသာဈေးရှိ ကွမ်းသီးအရောင်းဆိုင်များ၌ ကွမ်းသီးများမှိုမတက်စေရေး၊ လတ်ဆက်သော ကွမ်းသီး များသာရောင်းချစေရေး၊ ဆိုးဆေးပါဝင်သည့်ကွမ်းသီးများအစား ဆိုးဆေးမပါဝင်သည့် ကွမ်းသီးများအား အစားထိုးရောင်းချစေရေးတို့ကို ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)