Main menu

လျှပ်စစ်ကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွင် စားသုံးသူများ ရွေးချယ်ခွင့်များ ပိုမိုရရှိစေရန် ဗီယက်နမ်နိုင်ငံမှကြိုးပမ်းဆောင်ရွက်လျက်ရှိ

Powered by Drupal

          ဗီယက်နမ်နိုင်ငံသည် ပြိုင်ဆိုင်မှုနှင့် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန်အတွက် ၎င်း၏ ဓာတ်အားကဏ္ဍကို ပြန်လည်ဖွဲ့စည်းလိုက်ခြင်းကြောင့် ဗီယက်နမ်စားသုံးသူများသည် ၎င်းတို့၏ လျှပ်စစ်လက်လီရောင်းချသူများကို မကြာမီ ရွေးချယ်နိုင်တော့မည်ဖြစ်ကြောင်း ပြည်တွင်းမီဒီယာ VNExpress ၏ ဖော်ပြချက်အရသိရပါသည်။ ပြုပြင်ပြောင်းလဲရေးသည် တိုက်ရိုက် ဓာတ်အားဝယ်ယူရေး သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် ခွင့်ပြုထားပြီး လက်လီလုပ်ငန်းများကို လက်ရှိလက်ဝါးကြီးအုပ်ထားသည့် နိုင်ငံပိုင်လုပ်ငန်းဖြစ်သည့် ဗီယက်နမ်လျှပ်စစ်နှင့် ခွဲထုတ်ရန် ရည်မှန်းထားခြင်းဖြစ်သည်။

        ဗီယက်နမ်သည် လျှပ်စစ်ဓာတ်အား လုံလောက်မှုရရှိစေရန် နျူကလီးယားနှင့် ကမ်းလွန်လေအားလျှပ်စစ်စီမံကိန်းများကို အရှိန်မြှင့်နေစဉ် ၂၀၃၀ ခုနှစ်တွင် ၁၈၃ မှ ၂၃၆ gigawatts အထိ တပ်ဆင်ထားရှိနိုင်ရန် ရည်မှန်းထားကြောင်းသိရသည်။ ထို့အပြင် အာဏာပိုင်များသည် စွမ်းအင်သိုလှောင်မှုကိုမြှင့်တင်ကာ စျေးနှုန်းမူဝါဒများကို အဆင့်မြှင့်တင်ခြင်းဖြင့် အထူးသဖြင့် နျူကလီးယားနှင့် သန့်ရှင်းသော စွမ်းအင်ဆိုင်ရာ စွမ်းအင်ကျွမ်းကျင်သူ ၂၅၀၀၀ မှ ၃၅၀၀၀ တို့အား လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)