
နီပေါအစိုးရသည် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနတွင် မှတ်ပုံမတင်ထားသည့် လူမှုမီဒီယာပလက်ဖောင်းများကို ပိတ်ပစ်ရန် ဆုံးဖြတ်ခဲ့ကြောင်း စက်တင်ဘာ ၄ ရက်နေ့တွင် အစိုးရတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ခုနစ်ရက်ကြာ နောက်ဆုံးထား၍ စာရင်းသွင်းရန် ငြင်းဆိုထားသော ပလပ်ဖောင်းများ၏ လည်ပတ်မှုကို ရပ်တန့်ရန် ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Gajendra Kumar Thakur က ပြောကြားခဲ့သည်။
၎င်းတို့ဘက်မှ အစိုးရ၏ မှတ်ပုံတင်ရန် တောင်းဆိုမှုကို ဖီဆန်သောကြောင့် အရေးယူမှု စတင်မည်ဖြစ်ကြောင်း၊ ယခုအခါ အာဏာပိုင်များသည် မှတ်ပုံတင်ထားသော ပလက်ဖောင်းများအား စတင်ပိတ်ပစ်တော့မည်ဖြစ်ကြောင်း Thakur က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
TikTok၊ Viber၊ Nimbuzz၊ WeTalk နှင့် Poppo Live သာလျှင် ဝန်ကြီးဌာနတွင် စာရင်းသွင်းထားပြီး အစိုးရက သြဂုတ် ၂၇ ရက် နောက်ဆုံးထား၍ ခုနစ်ရက်ကြာ ထပ်မံသတ်မှတ်ထားကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA(ရန်ကုန်)