
သီရိလင်္ကာအစိုးရသည် ရေချိုလှောင်ကန်ပေါင်း ၂၅၀ တွင် အတားအဆီး ပိုက်ကွန်များတပ်ဆင်ရန် အဆိုပြုချက်ကို နှစ်နှစ်အတွင်း အတည်ပြုလိုက်ကြောင်း အစိုးရ ပြန်ကြားရေးဌာန၏ စက်တင်ဘာ ၄ ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။
ရေများထုတ်လွှတ်သောအခါ နှစ်စဉ် ရေချိုလှောင်ကန်တစ်ခုလျှင် ငါးကီလို ၂၀,၀၀၀ မှ ၄၀,၀၀၀ ကြား မျောပါသွားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အကောင်းကြီးငါးများ အထူးသဖြင့် မျိုးပွားနိုင်စွမ်းရှိသည့် ငါးများဆုံးရှုံးခြင်းသည် အနာဂတ် ငါးသိုလှောင်မှုအား ဆိုးရွားစွာ လျော့နည်းသွားစေပြီး ရေချိုနှင့် ငါးပုစွန်မွေးမြူခြင်းသည် ကျေးလက်နေပြည်သူများအတွက် အာဟာရပြည့်ဝသော အစားအစာများ ပံ့ပိုးပေးရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ကြောင်း ၎င်းကဆိုသည်။
တရားဝင်အချက်အလက်များအရ သီရိလင်္ကာတွင် ရေချိုငါးမျိုးစိတ်ပေါင်း ၉၅ မျိုးရှိပြီး ၎င်းတို့အနက် ၅၂ မျိုးသည် နိုင်ငံအတွက် အကျိုးပြုသောမျိုးစိတ်များဖြစ်ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA(ရန်ကုန်)