Main menu

ဓနုဖြူမြို့နယ် ကုန်မျိုးစုံ အရောင်းဆိုင်များမှ ရောင်းချသော အိုင်အိုဒင်းဆားများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

       မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦး‌ဆောင်၍ မြို့နည်စည်ပင်သာယာ ရေးအဖွဲ့နှင့် မြို့နယ် စားသုံးသူရေးရာဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းအဖွဲ့များသည် (၁၃-၉-၂၀၂၅)ရက်နေ့ နံနက် (၉)နာရီတွင်  ဈေး၊ ဈေးတန်းနှင့် စျေးအတွင်းရှိ ကုန်မျိုးစုံ‌ရောင်းချသော ဆိုင်(၁၂)ဆိုင်မှ ရောင်းချသော အိုင်အိုဒင်းဆား များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် ဓနုဖြူမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးက ဆားများတွင် အိုင်အိုဒင်းဆားပါဝင်မှုရှိ/ မရှိနှင့် ဆားကြမ်းများတွင် အိုင်အိုဒင်းဆား ပါဝင်မှုမရှိပါက စားသုံးသူပြည်သူ များတွင် လည်ပင်းကြီးရောဂါများဖြစ်ပွားနိုင်သည့် အတွက် အိုင်အိုဒင်းပါဝင်သော ဆားများကိုသာ ရောင်းချရန်လိုအပ်ကြောင်း၊ ဆားများ သိုလှောင်ထားရှိရာတွင် အေး၍ခြောက်သွေ့သော နေရာတွင် ထားရန်၊ နေပူထဲတွင် မထားရှိရန်များအားပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုးက အိုင်အိုဒင်ဆားရောင်းချရာတွင် ထုတ်လုပ်သည့် လုပ်ငန်းလိပ်စာပါဝင်သာ ကုန်စည်ကိုရောင်း ချရန်၊ မိမိတို့ တိုင်းဒေသကြီးမှ ဆားထုတ်လုပ်နိုင်မှု ရှိသဖြင့် ကျန်းမာရေးနှင့် ညီညွှတ်သော ဆားများကို အများပြည်သူအသုံးပြုရာတွင် အသိပညာပေးရောင်းချရန်၊ ကုန်အညွှန်းပါ ဝင်သော ကုန်စည်များကို ဦးစား‌ပေး ရောင်းချရန်ကို အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)