
(၁၂.၉.၂၀၂၅)ရက်နေ့ နေ့လယ် (၁၅:၀၀)နာရီ တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ အလယ်ပိုင်းရပ်ကွက်မှ အွန်လိုင်းမှတ်ပုံတင်လျောက်ထားသည့် ပိုးဝတီချည်ထည်လက္ကားပင်ရင်းလုပ်ငန်းအား မှတ်ပုံတင်ထားသည့် အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ရာတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်း စစ်ဆေးရေးအရာရှိက ပန်းတနော်မြို့နယ် အလယ်ပိုင်းရပ်ကွက် ၊ အနော်ရထာလမ်းရှိ ပိုးဝတီအထည် လက်ကားပင်ရင်းဆိုင်မှ အွန်လိုင်းရောင်းချခြင်းလုပ်ငန်းအတွက် မှတ်ပုံတင်လျောက်ထားရာ အချက်အလက်များအတိုင်း မှန်ကန်မှု ရှိမရှိကို စစ်ဆေးခြင်း၊ စစ်ဆေးရေးအရာရှိမှ စစ်ဆေးရန်သတ်မှတ်ချက်များအတိုင်း လုပ်ငန်းခွင်၏ ရောင်းချမှု ကုန်စည်များကို စစ်ဆေးခဲ့ပြီး အွန်လိုင်းရောင်းချခြင်းနှင့်ပတ်သက်၍ အမိန့်ကြေငြာစာပါ အချက်အလက်များကို လုပ်ငန်းရှင်သိရှိနိုင်ရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)