Main menu

ပန်းတနော် ဘိလပ်မြေ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် တာဝန်ခံရုံးသည် မအူပင်ခရိုင် ဦးစီးမှူး ဦးဆောင်၍  (၁၃-၉-၂၀၂၅)ရက်နေ့  နံနက်(၀၉:၀၀)နာရီအချိန်တွင် ပန်းတနော်မြို့ပေါ်ရှိ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်း ရောင်းချသည့်ဆိုင်များသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ အပတ် စဉ် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့ပေါ်ရှိ ဘိလပ်မြေရောင်းချ သည့်ဆိုင်များ၏ ဘိလပ်မြေ နှင့် အိမ်ဆောင်ပစ္စည်းများ ဝယ်ယူရရှိမှုအခြေအနေ၊ မြို့နယ်အတွင်း ပြန်လည်ရောင်းချမှု အခြေအနေနှင့် ဆိုင်အတွင်း လက်ကျန်အခြေအနေနှင့် ဈေးနှုန်းအခြေအနေအားလည်းကောင်း၊ ကွင်းဆင်းစိစစ်ခဲ့ရာ ဘိလပ်မြေနှင့်ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို ရန်ကုန်လက်ကားဆိုင်ကြီးမှဝယ်ယူရကြောင်း၊ ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုမရှိသေးကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)