Main menu

NBC နှင့် UN တို့သည် စားသုံးသူအကာအကွယ်ပေးရေး အားကောင်းလာစေရန် ဆောင်ရွက်မှု ၂၂ ခု ကို ပြန်လည်သုံးသပ်

Powered by Drupal

  ကမ္ဘောဒီးယားနိုင်ငံတော်ဘဏ် (NBC) နှင့် ကုလသမဂ္ဂ (UN) တို့သည် ကမ္ဘောဒီးယားရှိ အသေးစားငွေရေးကြေးရေးဆိုင်ရာ တတိယအဆင့် အစုရှယ်ယာဝင်များဆိုင်ရာ အစည်းအဝေးကို ၉-၉-၂၀၂၅ ရက်နေ့တွင် ပူးတွဲကျင်းပခဲ့ပြီး စားသုံးသူအကာအကွယ်ပေးရေး အားကောင်းစေရန်၊ တာဝန်ယူမှုရှိသော ချေးငွေကဏ္ဍကို မြှင့်တင်ရန်နှင့် ရေရှည်တည်တံ့သော ငွေကြေးဆိုင်ရာ ပါ၀င်မှုတို့ကို တိုးတက်စေရန် ဦးစားပေးလုပ်ဆောင်မှု ၂၂ ခုကို ပြန်လည်သုံးသပ်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးကို NBC အုပ်ချုပ်ရေးမှူး Chea Serey နှင့် ကမ္ဘောဒီးယားနိုင်ငံ ကုလသမဂ္ဂ ဌာန ညှိနှိုင်းရေးမှူး Jo Scheuer တို့က ဦးဆောင်ပြီး ဖနွမ်းပင်မြို့၌ ကျင်းပခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ NBC ၏ ဒုတိယအုပ်ချုပ်ရေးမှူး Yim Leat၊ ကမ္ဘောဒီးယားဘဏ်များအသင်း (ABC) ဥက္ကဋ္ဌ Rath Sophorn၊ Cambodia Microfinance Association (CMA) ၏ ဒါရိုက်တာဘုတ်အဖွဲ့ဥက္ကဋ္ဌ Dith Nita၊ LOLC (Cambodia) Plc ၏ CEO ဖြစ်သူ Sok Voeun တို့ တက်ရောက်ခဲ့ကြသည်။ NBC ၏ ကြေငြာချက်အရ အစည်းအဝေးသည် စားသုံးသူအကာအကွယ် ပေးရေးနှင့်ကျင့်ဝတ်ကျင့်ထုံးဥပဒေ၊ တာဝန်ယူမှုရှိသော ချေးငွေနှင့် ကြွေးမြီစုဆောင်းခြင်းဆိုင်ရာ အလေ့အကျင့်များပါ၀င်သည့် မူဘောင်ကိုအကောင်အထည်ဖော်ခြင်းကဲ့သို့သော အဓိက အကြောင်းအရာ (၂) ခုကို အဓိကထားဆွေးနွေးခဲ့ကြသည်။  ဤအစီအမံများသည် ငွေချေးသူများ အထူးသဖြင့် ကျေးလက်ဒေသရှိ အသေးစားလုပ်ငန်းများနှင့် အိမ်ထောင်စုများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးကာ စည်းမျဉ်းကြီးကြပ်မှုနှင့် ရေရှည်တည်တံ့သော ငွေကြေးတိုးတက်မှု တို့ကြား မျှတစေရန် ရည်ရွယ်သည်။ NBC ၏ ကြေညာချက်တစ်ရပ်အရ အဆိုပါအစည်းအဝေး သည် ဦးစားပေးလုပ်ဆောင်မှုများကို ပြန်လည်သုံးသပ်ခြင်း၊ ဘဏ္ဍာရေးဆိုင်ရာပါဝင်မှုကို မြှင့်တင်ခြင်း၊ တာဝန်ယူမှုရှိသော ချေးငွေကို အားကောင်းစေခြင်းနှင့် ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုအတွက် မူဘောင်များချမှတ်ခြင်းဖြင့် ချေးယူသူအား အကာအကွယ်ပေးရေးတို့ကို အာမခံချက်ပေးခြင်းဖြင့် ကမ္ဘောဒီးယား၏ အသေးစားငွေရေးကြေးရေး ကဏ္ဍကို တိုးတက်စေသည်။

DOCA(ရန်ကုန်)