Main menu

ANA နှင့် KHA မှ Siem Reap တွင် အမွေအနှစ်ခရီးသွားလုပ်ငန်း မြှင့်တင်ရန် သင်တန်းဖွင့်

Powered by Drupal

  Apsara National Authority (ANA) သည် Korea Heritage Agency (KHA) နှင့် ပူးပေါင်း၍ Siem Reap ပြည်နယ်ရှိ ခရီးသွားလုပ်ငန်း၏ အရည်အသွေးကို မြှင့်တင်ရန်အမျိုးသား အမွေအနှစ် ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းကို ဖွင့်လှစ်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၈ ရက်မှ ၁၁ ရက်အထိ ကျင်းပသည့် အဆိုပါသင်တန်းသည် အမွေအနှစ် ခရီးသွားလုပ်ငန်း အားကောင်းလာစေရန် ရည်ရွယ်၍ အမွေအနှစ်ထိန်းသိမ်းခြင်းအလေ့အကျင့်များနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့သော ခရီးသွားထုတ်ကုန်အဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ကြောင်း ANA မှ ထုတ်ပြန်ချက်အရသိရသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားကို ANA မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Long Kosal၊ KHA ကိုယ်စားလှယ် Kim Hyunsung နှင့် အဖွဲ့အစည်းနှစ်ခုလုံးမှ ခေါင်းဆောင်များနှင့် ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် Kosal မှ သင်တန်းသားများအား ကိုရီးယား ပညာရှင်များထံမှ အဖိုးတန်သော အသိပညာများနှင့် ဗဟုသတများ ပေးစွမ်းနိုင်မည်ဖြစ်ပြီး အထူးသဖြင့် Angkor ဒေသရှိ အမွေအနှစ်များနှင့် လူမှုအသိုက်အဝန်းများ၏ တန်ဖိုးများကို တင်ဆက်ပေးသွားမည် ဖြစ်ကြောင်းနှင့် Siem Reap ပြည်နယ်တွင်ရှိသာ ခရီးသွားလုပ်ငန်းများ၏ စွမ်းဆောင်ရည်နှင့် အရည်အသွေးတို့ကို အားကောင်းစေမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။ Korea Heritage Agency ကိုယ်စားပြု Kim Hyunsung က ခရီးသွားလုပ်ငန်းပုံစံသစ်များ ဖော်ဆောင်ရာတွင် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် Apsara National Authority နှင့် ပူးပေါင်းဆောင်ရွက်သည့်အတွက် ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။ လေ့ကျင့်ရေး အစီအစဉ်တွင် အမွေအနှစ်အခြေခံ ခရီးသွားထုတ်ကုန်များ မြှင့်တင်ရန်နှင့် ကမ္ဘောဒီးယားသို့ ခရီးသွားများ ပိုမိုဆွဲဆောင်နိုင်ရန် ရည်ရွယ်၍ ပူးတွဲလည်ပတ်မှုများနှင့် တင်ဆက်မှုများ ပါဝင်ကြောင်း ၎င်းက ရှင်းပြသည်။

DOCA(ရန်ကုန်)