Main menu

မအူပင် အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်း စစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ခရိုင်ဦးစီးမှူးရုံး ဦးဇော်မင်း သည် မိတ်ဘက်ဌာန ဆိုင်ရာများနှင့်ပူးပေါင်း၍(၁၅.၉.၂၀၂၅)ရက်နေ့ နံနက်  (၁၀)အချိန်တွင် မအူပင်မြို့၊ မင်းလမ်းပေါ်ရှိ  ဦးမျိုးဆက် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးနှင့် ရတနာထွန်း  ဘိလပ်မြေ အရောင်းဆိုင်၊ စဉ့်အိုးဒိုင် ကျောက်သဲ၊ ဂဲအိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး များတွင် ဈေးနှုန်းမြှင့်တင် ရောင်းချမှုရှိ/မရှိနှင့် ပစ္စည်းပြတ်လပ်မှုရှိ/မရှိ တို့အား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းရာတွင် စစ်ဆေးတွေ့ရှိချက်များအရ ဆိုင်တာဝန်ခံများနှင့် တွေ့ဆုံပြီး ရောင်းချနေမှုများကို မေးမြန်းရာ အိမ်ဆောက်ရာတွင်အသုံးပြုသော ဘိလပ် မြေ ၊ သွပ်၊ သံ၊ ကျောက်၊ အုတ်၊ သဲပစ္စည်းများ အား ဝယ်ယူရရှိသည့် ဈေးပေါ်မူတည်၍  သယ်ယူစရိတ်၊ လုပ်သားခအပါအဝင် သင့်တင့်မျှတသော ဈေးဖြင့်သာ ရောင်းချ လျက်ရှိကြောင်း တာဝန်ခံများမှ ရှင်းလင်းပြောကြားပြီး  မအူပင်မြို့နယ်မှ ရောင်းချသော အိမ်ဆောက်ပစ္စည်း နှင့်  ဘိလပ်မြေများကို ရန်ကုန်မြို့ကြီးမှ  ဝင်ရောက်မှုရှိသဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းတည်ငြိမ် လျက်ရှိကြောင်း၊  ပစ္စည်းပြတ်လပ်မှု မရှိဘဲ ဒေသတွင်း သုံးစွဲမှုလုံလောက်ကြောင်း စိစစ်တွေ့ရှိရသည် ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)