Main menu

ပန်းတနော်မြို့နယ် စားအုန်းဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံး၌ ၁၀.၉.၂၀၂၅ ရက်နေ့ နေ့လယ်(၁၃:၀၀) နာရီတွင် မြို့နယ်ဆီ လက်လီ/လက်ကားဆိုင်များ ၊ မြို့နယ် ဆီအသင်းတို့နှင့် စုစုပေါင်း (၉)ဦးနှင့် တွေ့ဆုံပီး မြို့နယ်ခွဲ တမ်း ရရှိသောဆီများကို စျေးနှုန်းမှန်ကန်စွာရောင်းချစွာရန် ၊အလေးချိန် မှန်ကန်စွာရောင်းရန် ၊ရောင်းချသော စာရင်းမှာ သေချာစွာထားရှိရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

      တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက် မြို့နယ်တာဝန်ခံက မြို့နယ် ဆီကုန်သည် လုပ်ငန်းရှင်များကို ပြည်ထောင်စုဝန်ကြီး၏ ညွှန်ကြားချက်၊ စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြား ရေးမှူးချုပ်၏ လမ်းညွှန်ချက်များအတိုင်း ဆီရောင်းချဖြန့်ဖြူးမှုများကို စနစ်တကျဆောင်ရွက်ရန်၊ အသးအဖွဲ့အစည်း အသစ်ဖွဲ့စီးဆောင်ရွက်ခဲ့ပီး မြို့နယ် ဆီလုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ စနစ်မှန်၊ စီးပွားရေးလုပ်ငန်းရှင်ပီသစွာဖြင့် ဆောင်ရွက်နိုင်ရေး နှင့် ဆီရောင်းချမှုများကို မြို့နယ်ကုန်ဈးနှုန်းတည်ငြိမ်ရေး အဖွဲ့ဖြင့် ကွင်ဆင်းစစ် ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်းကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)