Main menu

ကမ္ဘောဒီးယားနှင့် ဂရိ သံတမန်များ တွေ့ဆုံ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးခဲ့ကြ

Powered by Drupal

  ဘူလ်ဂေးရီးယားနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး Chea Chanboribo နှင့်  ဘူလ်ဂေးရီးယားနိုင်ငံဆိုင်ရာ ဂရိသံအမတ်ကြီး Alexios Marios Liberopoulos တို့ ၁၀-၉-၂၀၂၅ ရက်နေ့က ဘူလ်ဂေးရီးယားနိုင်ငံ၏မြို့တော် Sofia တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ တွေ့ဆုံစဉ် သံအမတ်ကြီး Chea Chanboribo က ယဉ်ကျေးမှုအမွေအနှစ်များ၊ ခရီးသွားလုပ်ငန်းနှင့် စိုက်ပျိုးရေးထုတ်ကုန်ပေါကြွယ်ဝသော ဂရိနိုင်ငံမှ သံအမတ်ကြီး  Alexios Marios Liberopoulos နှင့် တွေ့ဆုံဆွေးနွေးရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ အာဆီယံ-ဥရောပသမဂ္ဂ(EU) မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး အောက်တွင် နှစ်နိုင်ငံအကြား ဆက်ဆံရေး တည်ငြိမ်တိုးတက်မှုကို သတိပြုမိပြီး ဆက်ဆံရေးခိုင်မာစေရန်နှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုလုပ်ဆောင်ရန် ကမ္ဘောဒီးယားတော်ဝင်အစိုးရ၏ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့သည်။ Chea Chanboribo က ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို တိုးချဲ့ရန် အလေးပေးပြောကြားခဲ့သည်။ Liberopoulos က Chea Chanboribo ၏ အဆိုပြုချက်များကို ကြိုဆိုခဲ့ပြီး အဆိုပြုခဲ့သည့်  ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးရန် ဆန္ဒရှိကြောင်းနှင့် ကမ္ဘောဒီးယားနှင့် ဂရိနိုင်ငံတို့ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေးအတွက် ကတိကဝတ်ပြုခဲ့သည်။

DOCA(ရန်ကုန်)