Main menu

“ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်ဆန်ဆိုင်များတွင် ဆန်များအားသင့်တင့်မျှတသောဈေးနှုန်း ဖြင့်ရောင်းချခြင်းရှိ/ မရှိမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

        ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဆန်အရောင်းဆိုင်များတွင် ဆန်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေးနှင့် စားသုံးသူပြည်သူများ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ ပူးပေါင်း၍ စက်တင်ဘာလ(၁၀)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရုသည်။

        အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခိုင်ဦးစီးမှူး ဦးဦးသိန်းမောင်က စားသုံးသူရေးရာဦးစီးဌာနသည် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ပူးပေါင်း၍ ဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျ တင်ပို့ရောင်းနိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည် ငြိမ်မှန်ကန်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မဖြစ်ပေါ်စေရေးအတွက် သင့်တင့်မျှတသော ဆန်ဈေးကွက်ဈေးနှုန်းများအား လစဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း အဆိုပါ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအတိုင်း ဈေးကွက်အတွင်း ရောင်းချနိုင်ရေး ကြပ်မတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် လစဉ်ထုတ်ပြန်ထားသည့် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်း (Reasonable Market Price)ဖြင့် ရောင်းချခြင်းမရှိဘဲ ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)