
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့ရှိ စည်ပင်သာယာမြို့မဈေးအတွင်း စားအုန်းဆီရောင်းချလျက်ရှိသည့် လက်လီလက်ကား ကိုယ်စားလှယ်ဆိုင်များနှင့် လက်လီကိုယ်စားလှယ်ဆိုင်များတွင် နေ့စဉ်ခွဲတမ်းရရှိသည့် စားအုန်းဆီများအား စားသုံးသူပြည်သူများ လက်ဝယ်သို့ ဖြန့်ဖြူးရောင်းချပေးရာတွင် အရေအတွက်၊ အချိန်အတွယ်၊ ဈေးနှုန်းများ မှန်ကန်စွာရောင်းချနေမှုရှိ/ မရှိအား စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စည်ပင်သာယာမြို့မဈေးအဖွဲ့မှဝန်ထမ်းများသည် စက်တင်ဘာလ(၁၁)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီး မှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးကို အပတ်စဉ်တနင်္လာနေ့တိုင်း ထုတ်ပြန်ကြေညာလျက်ရှိရာ စားအုန်းဆီခွဲတမ်းရရှိသည့် ကိုယ်စားလှယ်များမှ စားသုံးသူပြည်သူများ လက်ဝယ်သို့ စားအုန်းဆီများ ရောင်းချရာတွင် ဒေသအရောက် ဈေးနှုန်းများအပေါ် (၂%)အမြတ်ထက်မပိုသော ဈေးနှုန်းများဖြင့် ပြန်လည်ဖြန့်ဖြူးရေင်းချနေခြင်းရှိ/ မရှိ၊ ရောင်းချဖြန့်ဖြူးရာတွင် အရေအတွက်၊ အချိန်အတွယ်၊ ဈေးနှုန်းများမှန်ကန်စွာဖြင့် ရောင်းချနေခြင်းရှိ/ မရှိကို မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း ဆက်လက်၍ ဒေါ်ငြိမ်းငြိမ်းဝင်း ဦးစီးမှူးကလည်း စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ကြေညာထားသည့် ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ထားခြင်းအတိုင်း အမှန်တကယ်ရောင်းချမှုမရှိခြင်း၊ မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)