Main menu

မြန်အောင်မြို့နယ် ဆီစက်လုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၁၁.၉.၂၀၂၅)ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် မြန်အောင်မြို့နယ် ဆီစက်လုပ်ငန်းရှင်အသင်း ဥက္ကဌ ဦးမင်းမင်းဦးနှင့်တွေ့ဆုံ၍ ဆီစက်လုပ်ငန်းရှင်များအသင်းမှ လက်ရှိ လှုပ်ရှား ဆောင်ရွက်နေမှုများအား မေးမြန်းဆွေးနွေးခဲ့ပါသည်။

          ထိုသို့ဆွေးနွေးခဲ့ရာတွင် ဆီစက်လုပ်ငန်းရှင်အသင်း လက်ရှိတွင်ကော်မတီအဖွဲ့ဝင်(၉) ဦး ရှိပြီး၊ အသင်းအနေဖြင့် ယခုအချိန်တွင် မြေပဲများလှိုင်လှိုင်ထွက်ရှိသည့် ရာသီဖြစ်သည့်အလျောက် မြေပဲဆီ များအား သင့်တင့်သောဈေးနှုန်းဖြင့် ပြည်သူများသုံးစွဲနိုင်ရန် ကြိတ်ခွဲရောင်းချလျက်ရှိကြောင်း၊ ဒေသတွင်း ထွက်ရှိသော သီးနှံများအား ကြိတ်ခွဲထုတ်လုပ်ပြီး အခြားဒေသများသို့ပါ တင်ပို့နိုင်ရေးနှင့် ဒေသခံပြည်သူများ ဈေးနှုန်းချိုသာစွာ သုံးစွဲနိုင်ရေး အသင်းအဖွဲ့ဝင်များ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)