
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချသောဆိုင်များတွင် စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်းအား စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် စားသုံးဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အပြင် ပင်ရင်းပါဝင်ပစ္စည်းကိုအခြေခံ၍ ဖော်ပြရာတွင် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)တို့အား ဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ကြပါသည်။
ထို့ပြင် စားသုံးဆီအမျိုးမျိုး ရောင်းချသောလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)တို့နှင့် ကိုက်ညီမှုမရှိသည့် စားသုံးဆီအမျိုးမျိုးအား ရောင်းချခြင်းမပြုလုပ်ကြရန်၊ ထိုသို့ပြုလုပ်ပါက စားသုံးသူကာ ကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)