Main menu

အမေရိကန်အကောက်ခွန်များရှိနေသော်လည်း ဖိလစ်ပိုင်၏အီလတ်ထရောနစ်တင်ပို့မှု ကြီးထွားနိုင်

Powered by Drupal

  အမေရိကန်က၎င်းတို့၏ ဆီမီးကွန်ဒတ်တာများတင်သွင်းမှုအပေါ် အကောက်ခွန်များ ချမှတ်ရန်အစီအစဉ်ကြောင့် စွန့်စားရမှုများရှိနိုင်သော်လည်း ယခုနှစ်တွင် ဖိလစ်ပိုင်၏ အီလတ် ထရောနစ်တင်ပို့မှုမှာ အနည်းငယ်ကြီးထွားနိုင်ကြောင်း ဆီမီးကွန်ဒတ်တာနှင့် အီလတ်ထရောနစ် လုပ်ငန်းအသင်း (SEPI) ၏ အဆိုအရ သိရပါသည်။ SEPI ၏ ဥက္ကဌဖြစ်သူ Dan Lachica က အသင်းသည် ယခုနှစ်တွင် အီလတ်ထရောနစ်တင်ပို့မှု အနည်းငယ်ကြီးထွားနိုင်သည်ဟု ဆက်လက် မျှော်လင့်ကြောင်းနှင့် ၁ မှ ၂ ရာခိုင်နှုန်းမြင့်တက်ခြင်းသည် ဖြစ်နိုင်ချေရှိကြောင်း ပြောကြားခဲ့ပါသည်။  လွန်ခဲ့သည့်နှစ်တွင် ဖိလစ်ပိုင်သည် အီလတ်ထရောနစ်ထုတ်ကုန် အမေရိကန်ဒေါ်လာ ၄၂.၇ ဘီလီယံပတ်လည်တန်ဖိုး တင်ပို့ခဲ့ကြောင်း သိရပါသည်။ Lachica က ၎င်း၏အကောင်းမြင်သုံးသပ်မှုသည် နိုင်ငံ၏နောက်ဆုံးတင်ပို့မှုစွမ်း‌ဆောင်ရည်အပေါ်အခြေခံ ကြောင်း ပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ ယခုနှစ်၏ ပထမ ၇ လတာကာလတွင် အီလတ်ထရောနစ်ထုတ်ကုန် အမေရိကန်ဒေါ်လာ ၂၅.၆၁ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၇.၂ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်း သိရပါသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏မူဝါဒများနှင့် ပထဝီနိုင်ငံရေးမ သေချာမှုများရှိနေသော်လည်း ယခုနှစ်အတွက် အနည်းငယ်ကြီးထွားရန်ခန့်မှန်းချက်မှာ သင့်တင့် ကြောင်းပြောကြားခဲ့ပါသည်။ အစောပိုင်းက ထရမ်သည့် အမေရိကန်တွင်ကုန်ထုတ်လုပ်ခြင်း၌ ရင်းနှီးမြှုပ်နှံခြင်းမပြုလုပ်သည့် ကုမ္ပဏီများထံမှ ဆီမီးကွန်ဒတ်တာတင်သွင်းမှုများအပေါ် အကောက်ခွန်များချမှတ်မည်ဟု ပြောကြားခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေးရာဥက္ကဌ၏ လက်ထောက်ဖြစ်သူ Federick Go က အစိုးရသည် ဆီးမီးကွန်ဒတ်တာများအပေါ် အကောက်ခွန် ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ရရန်ကြိုးပမ်းနေကြောင်း ပြောကြားခဲ့ပါသည်။ Lachica က ယခုနှစ်တွင် ဆီမီးကွန်ဒတ်တာများအပေါ် အမေရိကန်အကောက်ခွန်များချမှတ်ရန် မမျှော်လင့် ကြောင်း၊ ဖိလစ်ပိုင်ရှိကုမ္ပဏီများသည်လည်း ချစ်ပ်များကို ဝယ်လိုအားအပေါ်အခြေခံ၍ ဆက်လက်ထုတ်လုပ်နေကြောင်း၊ အကောက်ခွန်များမှာချက်ချင်းမသက်ရောက်နိုင်ပဲ ၃ လမှ ၆လ ကြာမှသက်ရောက်နိုင်ကြောင်းနှင့် ထို့ကြောင့်ချိန်ညှိမှုပြုလုပ်ရန် အချိန်ရကြောင်း ပြောကြားခဲ့ပါ သည်။ Lachica ၏အဆိုအရ AI ပါဝင်သည့်နည်းပညာသစ်များသည် ကြီးထွားမှု၏မောင်းနှင်အား များဖြစ်ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)