Main menu

“ကော့မှူးမြို့နယ် ဈေးကွက်အတွင်း ရောနှောဆီအပါအဝင် အမှတ်တံဆိပ် ပြည်တွင်းထုတ်စားသုံးဆီများ ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး”

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများနှင့် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်များသို့ စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရောနှောဆီအပါအဝင် အမှတ်တံဆိပ်ပြည်တွင်းထုတ် စားသုံးဆီများ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာခဲ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးအေးသွင်တို့သည် အခြေခံစားသောက်ကုန်ပစ္စည်းအမျိုးမျိုး ဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော မကျီးတန်းရပ်ကွက်၊ မကျီးတန်းကျေးရွာ၊ စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်စုံဆိုင်များရှိ ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးဆီအမျိုးမျိုးနှင့် စပ်လျဉ်းသည့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက်များအား ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံဖော်ပြစေရန် ရည်ရွယ်၍ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil Cooking Oil)နှင့်စပ်လျဉ်းသော ကုန်အညွှန်းအမှတ်အသား ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အား ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် ထုတ်ပြန်ထားပြီး ယခုအချိန်အထိ ကိုက်ညီမှုရာခိုင်နှုန်းပြည့်မီအောင် လိုက်နာဆောင်ရွက်ထားခြင်းမရှိသည့်ကို စိစစ်တွေ့ရှိရသည့်အတွက် ယခုလိုလစဉ်လတိုင်း စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးနေရခြင်းဖြစ်ကြောင်း မိမိတို့၏ ဈေးဆိုင်များတွင်လည်း ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့်ကိုက်ညီသော စားသုံးဆီအမျိုးမျိုးတို့ကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန် စားသုံးသူကာကွယ်ရေးအသိ ပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)