Main menu

ဂျပန်သို့ဆန်တင်ပို့မှုအရှိန်မြှင့်တင်ရန် ထိုင်းနိုင်ငံပြည်ပကုန်သွယ်ရေးဦးစီးဌာနကြိုးပမ်း

Powered by Drupal

   ဂျပန်နိုင်ငံရှိအများပိုင်နှင့် ပုဂ္ဂလိကအေဂျင်စီများနှင့် ဆန်ကုန်သွယ်မှုအားကောင်းရန်နှင့် ဂျပန်ဆန်ဈေးကွက်တွင် ထိုင်းနိုင်ငံ၏ဝေစုတန်ချိန် ၃၀၀၀၀၀ ကိုထိန်းသိမ်းရန် ထိုင်းနိုင်ငံပြည်ပ ကုန်သွယ်ရေးဦးစီးဌာန (DFT) သည် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှကိုယ်စားလှယ်များကိုဦးဆောင်၍ သွားရောက်လည်ပတ်ခဲ့ကြောင်း သိရပါသည်။ DFT ညွှန်ကြားရေးမှူးချုပ် Arada Fuangtong က စက်တင်ဘာလ ၇ ရက်နေ့မှ ၁၁ ရက်နေ့ထိလည်ပတ်မှုအတွင်း ကိုယ်စားလှယ်အဖွဲ့သည် ဆန်တင်သွင်းမည့်ပမာဏကိုဆုံးဖြတ်မည့် ဂျပန်၏စိုက်ပျိုးမွေးမြူရေး၊သစ်တောနှင့် ငါးလုပ်ငန်း ဦးစီးဌာန၊ တင်သွင်းမည့်ဆန်အရည်အသွေးကိုစစ်ဆေးရန် တာဝန်ရှိသည့် Overseas Merchandise Inspection Company( OMIC) နှင့် အဓိကဆန်တင်သွင်းသည့်ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ဂျပန်သည်ကမ္ဘာ့ထိပ်တန်းဆန်ထုတ်လုပ်သူနှင့် တင်သွင်းသူနိုင်ငံများထဲမှတစ်ခုဖြစ်ပြီး တစ်နှစ်လျှင် တန်ချိန် ၇.၂၈ သန်းမှ ၇.၆၄ သန်းထိ ထုတ်လုပ်နိုင်ကြောင်း သိရပါသည်။ စားသုံးမှုမှာ တစ်နှစ်လျှင် တန်ချိန် ၈ သန်းကျော်သောကြောင့် တန်ချိန် ၇၀၀၀၀၀ ပတ်လည်တင်သွင်းရန်လိုအပ်ကြောင်း သိရပါသည်။ အဓိကရောင်းချသူများ တွင် ထိုင်း၊ အမေရိကန်၊ ဩစတေးလျနှင့် တရုတ်တို့ပါဝင်ကြောင်း သိရပါသည်။ နှစ်စမှစ၍ ယခု အချိန်အထိ ဂျပန်သည် ဆန်တန်ချိန် ၄၀၂၁၅၇ တန်တင်သွင်းခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလ နှင့်နှိုင်းယှဉ်ပါက ၉.၁၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ အမေရိကန်မှာအကြီးမားဆုံး ရောင်းချသူဖြစ်ပြီး ၎င်း၏နောက်တွင်ထိုင်း၊ ဩစတေးလျနှင့် တရုတ်တို့ရပ်တည်နေကြောင်း သိရ ပါသည်။ ထိုင်းသည်နှစ်စဉ်ဆန်တန်ချိန် ၂၅၇၀၀၀ မှ ၃၃၆၀၀၀ ကြား ဂျပန်သို့နှစ်စဉ်တင်ပို့ပြီး ဂျပန်ဆန်တင်သွင်းမှု၏ ၃၇ မှ ၄၅ ရာခိုင်နှုန်းကြားရှိကြောင်း သိရပါသည်။ ယခုနှစ်၏ ပထမ ၈ လ တာကာလတွင် ထိုင်းသည် ဆန်တန်ချိန် ၁၄၈၀၀၀ ဂျပန်သို့တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့် ကာလနှင့်နှိုင်းယှဉ်ပါက ၁၉.၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ ထိုသို့ကျဆင်းမှုမှာ ဂျပန်စားသုံးသူများသည် အရွယ်အစားတိုတောင်းသည့် Japonica ဆန်ကို ဦးစားပေးစားသုံး လာသောကြောင့်ဖြစ်ကြောင်း သိရပါသည်။ ဂျပန်၏ပြည်တွင်းထုတ်လုပ်နိုင်စွမ်းသည် ဝယ်လိုအား မပြည့်မီသောကြောင့်၎င်းတို့သည် တိုတောင်းသည့်အရွယ်အစားနှင့် အလယ်အလတ်အရွယ်အစား ရှိသည့် ဆန်များကိုတင်သွင်းရကြောင်း ပြောကြားခဲ့ပါသည်။ DFT ၏အဆိုအရ ဂျပန်သို့တင်ပို့ သည့် အဓိကထိုင်းဆန်များသည် အရွယ်အစားရှည်လျားသည့်အမျိုးအစားများဖြစ်ကြောင်း သိရပါသည်။ အသိအမှတ်ပြုခံရသည့်အရည်အသွေးနှင့် စံနှုန်းတို့ကြောင့် ထိုတင်ပို့သည့်ထိုင်းဆန် များ၏ ၉၀ ရာခိုင်နှုန်းကို ဆာကေးအရက်ထုတ်လုပ်မှုနှင့် အသင့်စားအစားအစာထုတ်လုပ်မှု အစရှိသည့် ဂျပန်စက်မှုလုပ်ငန်းများတွင် အသုံးပြုကြောင်းသိရပါသည်။ ကျန် ၁၀ ရာခိုင်နှုန်းကို အိမ်ထောင်စုများနှင့် စားသောက်ဆိုင်များက စားသုံးရန်အသုံးပြုကြောင်း သိရပါသည်။

DOCA (ရန်ကုန်)