Main menu

ထန်းတပင်မြို့နယ်ရှိ ဘိလပ်မြေအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး ဦးစီးမှူးပါ (၃) ဦးတို့ သည် (၁၁.၉.၂၀၂၅) ရက်နေ့ နံနက် (၁၁:၃၀) နာရီအချိန်တွင် ထန်းတပင်မြို့နယ်ရှိ ဘိလပ်မြေ အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ထန်းတပင်မြို့မဈေးရှေ့ ရွှေလဝန်းဘိလပ်မြေ အရောင်းဆိုင်တွင် ဘိလပ်မြေဈေးနှုန်းများနှင့် ရရှိမှုအခြေအနေများ၊ လက်ကျန်အခြေအနေများ ဝိသမလောဘဖြင့် သိုလှောင်မှုများရှိ/ မရှိစစ်ဆေးခြင်း၊ ယခင်လဈေးနှုန်းနှင့်ယခုလဈေးနှုန်းအခြေအနေ၊ ဈေးနှုန်းမြှင့် တင်ရောင်းချခြင်းရှိ/ မရှိ ဘိလပ်မြေများပြတ်လပ်မှုရှိ/ မရှိ၊ အခြားအိမ်ဆောက်ပစ္စည်းများလည်း ပြတ်လပ်မှုရှိ/ မရှိနှင့် ရွှေလဝန်းဆိုင်တွင် ဘိလပ်မြေအမျိုးအစား (၃) မျိုးသာရောင်းချပါကြောင်း၊ ပစ္စည်းများကိုလည်း စော်ဘွားကြီးကုန်းရှိ ကုမ္ပဏီများမှ ဝယ်ယူရောင်းချပါကြောင်း၊ ဈေးနှုန်းမြှင့် တင်ရောင်းချခြင်းရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)