Main menu

တရုတ်နိုင်ငံ၏ အမြန်ချောပို့ကဏ္ဍ သြဂုတ်လတွင် တိုးတက်လာ

Powered by Drupal

          တရုတ်နိုင်ငံ၏ အမြန်ချောပို့ကဏ္ဍသည် သြဂုတ်လတွင် ပို့ဆောင်မှုပမာဏ တည်ငြိမ်စွာ တိုးတက်လာခဲ့ကြောင်း ပြည်နယ်စာပို့ဌာနက စက်တင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ချက်အရ သိရပါသည်။

          အမြန်ချောပို့ဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်းသည် သြဂုတ်လတွင် ၄၂၄.၉ ရှိပြီး ယခင်နှစ် ကာလနှင့်နှိုင်းယှဉ်ပါက ၄.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ပြည်နယ်စာပို့ဌာန၏ ပြောကြားချက် အရသိရပါသည်။

          ဖွံ့ဖြိုးတိုးတက်မှုအတိုင်းအတာ အညွှန်းကိန်းခွဲသည် တစ်နှစ်ထက်တစ်နှစ် ၁၁.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း အညွှန်းကိန်းခွဲသည် ယခင်နှစ်ကထက် ၁၀.၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။

          ပြီးခဲ့သည့်လက တရုတ်နိုင်ငံ၏ အမြန်ချောပို့လုပ်ငန်းသည် လေကြောင်းကွန်ရက်ဖွံ့ဖြိုး တိုးတက်မှုကို အရှိန်မြင့်တင်ခဲ့ပြီး ပစ္စည်းပို့ဆောင်သူများနှင့် ပစ္စည်းလက်ခံသူများကို အလျင်အမြန် ဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး ခိုင်မာသောပံ့ပိုးမှုများပေးခဲ့ကြောင်း သိရှိရပါသည်။

          ဤအညွှန်းကိန်းကို ပို့ဆောင်ရေးဝန်ဆောင်မှုများ လုပ်ကိုင်နေသော လုပ်ငန်းကြီးများမှ အချက်အလက်များကို အခြေခံ၍  ပြုစုထားခြင်းဖြစ်ပြီး နိုင်ငံ၏ အမြန်ချောပို့ လုပ်ငန်းဆောင်တာများနှင့် လမ်းကြောင်းများအားလုံးကိုပေါ်လွင်စေကြောင်း သိရှိရပါသည်။

Source : Antara

DOCA(ရန်ကုန်)