
အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယ စိုက်ပျိုးရေးဝန်ကြီး Sudaryono က တောင်သူလယ်သမားများနှင့် မွေးမြူရေးသမားများမျှတသော အမြတ်အစွန်းများရရှိစေရန်နှင့် စားသုံးသူများ ကုန်ကျစရိတ်မြင့်မားမှုကို မဖြစ်ပေါ်စေရန် စားသောက်ကုန်စျေးနှုန်းများကို မျှတစွာထိန်းသိမ်းထားရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
Sudaryono ဆန်၊ ပြောင်းနှင့် အခြားအရေးကြီးသောကုန်စည်များအတွက် အစိုးရဝယ်ယူမှု စျေးနှုန်း (HPP) သည် တောင်သူလယ်သမားများဆုံးရှုံးမှုမရှိစေရန်အတွက်ဖြစ်ပြီး အမြင့်ဆုံး လက်လီစျေးနှုန်း (HET) သည် စားသုံးသူများကို ကာကွယ်ပေးရန်ဖြစ်ကြောင်း လည်းပြောကြားခဲ့ပါသည်။
စျေးနှုန်းများတက်လာသည့်အခါ အစိုးရက နိုင်ငံတော်ထောက်ပံ့ပို့ဆောင်ရေး အေဂျင်စီ (Bulog) မှတဆင့် စားနပ်ရိက္ခာထောက်ပံ့မှုနှင့် စျေးနှုန်းတည်ငြိမ်ရေး (SPHP) ဆန်တို့နှင့် ဝင်ရောက်ဖြည့်စွက်ကြောင်းသိရပါသည်။
စျေးနှုန်းမျှတမှုကို ထိန်းသိမ်းခြင်းသည် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန်အတွက် သာမက တောင်သူလယ်သမားများမွေးမြူရေးသမားများနှင့် လူအဖွဲ့အစည်းတစ်ခုလုံး၏ အကျိုးစီးပွားကို မြှင့်တင်ရန်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source : Antara
DOCA(ရန်ကုန်)