Main menu

တရုတ်နိုင်ငံသည် ဒီဂျစ်တယ်ကုန်သွယ်မှုကဏ္ဍများကို ပိုမိုဖွင့်လှစ်သွားမည်ဟု စီပွားရေးဝန်ကြီး ဌာနမှပြောကြား

Powered by Drupal

          တရုတ်နိုင်ငံသည် ဆက်သွယ်ရေး၊ အင်တာနက်နှင့် ယဉ်ကျေးမှုစသည့် ဒစ်ဂျစ်တယ် ကုန်သွယ်မှုနှင့် သက်ဆိုင်သော ကဏ္ဍများကို ပိုမိုတိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စီးပွားရေး ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး Sheng Qiuping က စက်တင်ဘာလ ၁၁ ရက်နေ့က ပြောကြားခဲ့သည်။

          တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား ဒီဂျစ်တယ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန်နှင့် ဒီဂျစ်တယ်ကုန်သွယ်မှုတွင် ပါဝင်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုအဆင်ပြေစေရန် အားပေးသွားမည်ဖြစ်ကြောင်း Sheng က ပြောကြားခဲ့ပါသည်။

          ဒီဂျစ်တယ် ကုန်သွယ်မှုပလပ်ဖောင်းများ တည်ဆောက်ရာတွင် တရုတ်နိုင်ငံသည် ဒီဂျစ်တယ် ကုန်သွယ်မှုအတွက် ပြပွဲများဖွင့်လှစ်မည်ဖြစ်ပြီး နိုင်ငံတကာနှင့် ပိုမိုဆက်ဆံနိုင်မည် နယ်ပယ်များ တည်ဆောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

          တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (WTO)၊ G20 နှင့် အာရှပစိဖိတ် စီးပွား ရေးပူး‌ပေါင်းဆောင်ရွက်မှု (APEC) တို့၏ မူဘောင်များအောက်ရှိ ဒီဂျစ်တယ်ကုန်သွယ်မှု စည်းမျဉ်းများနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများတွင် အပြုသဘော‌ဆောင်သော ကဏ္ဍမှပါဝင်မည်ဖြစ်ပြီး ဒစ်ဂျစ်တယ်စီးပွားရေးအတွက် ဘက်စုံပါဝင်သောစနစ်ကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Sheng က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source : Antara

DOCA(ရန်ကုန်)