
ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ် တညင်ကုန်းကျေးရွာရှိ“နုရတနာ” ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် လက်ရှိလည်ပတ်နေသောစက်၏ ကြိတ်ခွဲအားတန်နှင့် ထုတ်လုပ်မှုစွမ်းအား၊ ခေတ်မီစက်ကိရိယာများ တပ်ဆင်ထားရှိမှု အခြေအနေ၊ ဆန်စပါး သိုလှောင်ထားရှိမှုအခြေအနေ၊ Myro မှတ်ပုံတင်ကိစ္စတို့နှင့် စပ်လျဉ်း၍ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။ ဆန်စပါး ဈေးနှုန်းဈေးကွက် အခြေအနေနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ အလေးချိန်အချိန်တွယ် ပြည့်ဝမှန်ကန်စေရေး၊ ဆန်စက်မှထွက်ရှိသော စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ထားရှိမှု အခြေအနေတို့ကို ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)