
တရုတ်နိုင်ငံတွင် စိုက်ပျိုးထွက်ရှိသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို အိမ်နီး ချင်းနိုင်ငံများရှိစျေးကွက်များသို့ ပို့ဆောင်ရွက်လျက်ရှိပါသည်။ မကြာသေးမှီနှစ်များအတွင်း ယူနန်မှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များသည် အာဆီယံစျေးကွက်များတွင် လူကြိုက် များလာခဲ့ပါသည်။ စပျစ်သီး၊ လိမ္မော်သီး၊ မှိုနှင့်အခြားအထူးထုတ်ကုန်များသည် အဓိက တင်ပို့ကုန် အဖြစ် ဦးဆောင်နေပါသည်။
ဟင်းသီးဟင်းရွက်များ ကာလကြာရှည်စွာ ရောင်းချခဲ့သော တရုတ်ကုန်သည်တစ်ဦးက မြန်မာနိုင်ငံတွင် တရုတ်သီးနှံများသည် အမျိုးအစားစုံလင်မှုနှင့် အရည်အသွေးကောင်းမွန်မှု ကြောင့် ဝယ်လိုအားကောင်းနေကြောင်းပြောကြားခဲ့ပါသည်။
ကူမင်းအကောက်ခွန်ဌာန၏ အဆိုအရ ယူနန်၏အာဆီယံနှင့် စိုက်ပျိုးရေးကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ်ပထမနှစ်ဝက်တွင် ယွမ် ၁၈.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၆၂ ဘီလီယံခန့်) ရှိခဲ့ပါသည်။ ၎င်းသည် ယခင်နှစ်ကထက် ၂၃.၅ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်းသိရှိရပါသည်။
ယူနန်ပြည်နယ်သီးနှံများသည် အာဆီယံနိုင်ငံများ၏ ထုတ်လုပ်မှု စက်ဝန်းများကို ဖြည့်ဆည်း ပေးပြီး ရာသီအလိုက် လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးပါသည်။ ထိုင်းနိုင်ငံရှိ သစ်သီးဆိုင် များမှ အင်ဒိုနီးရှား စျေးဝယ်စင်တာများအထိ စပျစ်သီး၊ ရှောက်သီးနှင့် ပန်းသီးများ တင်သွင်းရောင်းချ နေကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)