
ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည်၂၀၂၅ခုနှစ် စက်တင်ဘာလ(၉)ရက်(၁၀:၃၀)နာရီအချိန်တွင် ဘိုကလေးမြို့(၆)ရပ်ကွက်ရှိ ဦးဖိုးထူးပိုင် ချောစုမ ခေါက်ဆွဲဖိုလုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
ခေါက်ဖိုလုပ်ငန်းမှာ ဆန်ကြမ်းအဓိကထား ထုတ်လုပ်ရသော လုပ်ငန််းဖြစ်ပြီး တစ်နေ့လျှင်(၂) အိတ်ခန့်အသုံးပြုရပါသည်။ ထွက်ရှိမှုအနေဖြင့် တစ်နေ့လျှင်မုန့်ပိဿာချိန် (၁၅၀)ခန့်ထုတ်လုပ်၍ ဈေးနှုန်းအနေဖြင့် (၂၄၀၀)ကျပ်ဖြင့် ဈေးကွက်အတွင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချပါသည်။ ထို့နောက် မြို့နယ်တာဝန်ခံမှထုတ်လုပ်သော ကုန်စည်နှင့်ပတ်သက်၍ ဓာတုဆေးဝါးများအသုံးပြုမှုမရှိစေရေး၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အရည်အသွေးပြည့်မီသော ကုန်စည်များထုတ်လုပ်နိုင်ရေး၊ MSMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရင်းနှီးမြုပ်နှံထားရှိမှု၊ လုပ်ငန်းလည်ပတ်နိုင်မှုအခြေအနေ တို့အားကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)