
၁၇.၉.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေးဆိုင်ရာဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး Online သင်တန်းအမှတ်စဉ် (၄/၂၀၂၅) သင်တန်းကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံး၊ မော်လမြိုင်ခရိုင်ရုံး မှ ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး သထုံခရိုင်ရုံးမှ ဝန်ထမ်းများ Zoom ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်ဝါဝါမြိုင်မှ စားသုံးသူ တိုင်ကြားမှုနှင့် စပ်လျဉ်း၍လက်ခံဖြေရှင်းဆောင်ရွက်မှုနှင့်အရေးယူမှုဆိုင်ရာ ညွှန်ကြားချက်အား ရှင်းလင်းဆွေးနွေးခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးမင်းခိုင်စိုးမှ Cyber security အကြောင်းသိကောင်းစရာများ ရှင်းလင်းခြင်း၊ သထုံခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းမှ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအကြောင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော သင်တန်းသား/သူများက အပြန်အလှန်မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)