
၁၇.၉.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင် တာဝန်ခံ၊ မြို့နယ်တာဝန်ခံ၊ သထုံခရိုင်ရုံးမှ ဝန်ထမ်းများနှင့် အခြားမိတ်ဖက်ဌာနဆိုင်ရာဝန်ထမ်း များပူးပေါင်း၍ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆေးဝါးအရောင်းဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်း များအား ပိုမိုအမြတ်တင်ရောင်းချနေမှု မရှိစေရေးနှင့် ဆေးဝါးပြတ်လပ်မှု မဖြစ်ပေါ်စေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးအရောင်းဆိုင်ရှိ ဆေးနှင့်ဆေးပစ္စည်း များအပေါ် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိကြောင်းနှင့် ပြတ်လပ်လျက်ရှိသောဆေးဝါးများ တွင် တင်သွင်းသောဆေးဝါးကုမ္ပဏီမတူသော်လည်း အာနိသင်တူဆေးဝါးများရှိသောကြောင့် ဆေးဝါးပြတ်လပ်မှုမရှိကြောင်း သိရသည်။
DOCA (မွန်)