Main menu

 ကျွန်းလှမြို့နယ်အတွင်း ရောင်းချလျက်ရှိသော  ငါးချောင်း ဈေးနှုန်း

Powered by Drupal

         ကျွန်းလှမြို့နယ်အတွင်း စားသောက်ကုန်၊ လူသုံးကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက် ရှိရာမှ အသားငါး ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပြီး သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို   ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယအပတ်တွင် ကျွန်းလှမြို့၏ ငါးချောင်း ဈေးနှုန်းများ အနေဖြင့် ငါးချောင်း(အကြီး) ရှယ်ဆိုက်ဝင် တစ်ကောင်ကို(၇၀)ကျပ်သားအထက် လက္ကား တစ်ပိဿာ လျှင် (၂၂၀၀၀)ကျပ်၊ ငါးချောင်း(အကြီး)ရှယ်ဆိုက်ဝင် တစ်ကောင်ကို(၇၀)ကျပ်သားအထက် လက်လီ တစ်ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ ငါးချောင်း(အလတ်)နှင့်(အသေး)လက္ကားတစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ ငါးချောင်း(အလတ်)နှင့်(အသေး)လက်လီ တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ် နှင့် (၅၀)ကျပ်သားလျှင် (၈၀၀၀)ကျပ်၊ ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူထံမှ သိရပါသည်။

DOCA (စစ်ကိုင်း)