Main menu

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် စက်တင်ဘာလအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာအတွင်း လုပ်ငန်းရှင် ၅၈ ဦးက အပ်နှံလာသော သီးနှံ အမျိုးအစား ၁၃ မျိုး၊ စုစုပေါင်းနမူနာအရေအတွက် ၁၂၂ ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၄၆၁ ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း လယ်ယာထွက်ကုန်ပို့ကုန်များအား တရုတ်၊ ဂျပန်၊ အမေရိကန်၊ သြစတေးလျနှင့် စင်္ကာပူနိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် ဆန်ဖြူ၊ ဆန်ကွဲ၊ ပေါင်းဆန်၊ နှမ်းနက် (သိပ္ပံ)၊ နှမ်းနက်(ရိုးရိုး)၊ နှမ်းညို၊ မတ်ပဲ၊ ပဲလွန်း၊ ပဲစဉ်းငုံနှင့် ဘိုကိတ်ပဲတို့တွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှု၊ သီးနှံဓာတုအရည်အသွေးနှင့် သီးနှံရူပအရည်အသွေး စသည့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ တင်သွင်းလာသည့် စားအုန်းဆီများ၏ အရည်အသွေးများကို  ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးဓာတ်ကြွင်းဓာတ်ခွဲခန်းမှ ၅၅ ခု၊  မှိုဆိပ်ဓာတ်ခွဲခန်းမှ ၁၄ ခု၊ ဆီနှင့်ဆီထွက်သီးနှံဓာတ်ခွဲခန်းမှ ၃၂၂ ခု၊ သီးနှံဓာတု ဓာတ်ခွဲခန်း မှ ၅၃ ခု၊ သီးနှံရူပဓာတ်ခွဲခန်းမှ ၁၇ ခု၊ စုစုပေါင်းဓာတ်ခွဲစမ်းသပ်မှု ၄၆၁ ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။