Main menu

“ ခရမ်းမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်းစားသုံးဆီအမျိုးမျိုးရောင်းချသော ကုန်စုံဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ စားသုံးဆီအမျိုးမျိုးရောင်းချသော ကုန်စုံဆိုင်များအား စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ် တာဝန်ခံ ဒေါ်ကျော့ကေခိုင်နှင့် စည်ပင်သာယာမြို့မဈေးတာဝန်ခံတို့ ပူးပေါင်း၍ စက်တင်ဘာ လ(၁၁)ရက်နေ့၊ နေ့လည်(၁၄:၃၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိ ရပါသည်။

  ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် ကုန်စုံဆိုင်များတွင် ရောင်းချနေသော စား သုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့် စားသုံးဆီအမျိုးမျိုးတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ ဖော်ပြ ထားခြင်းရှိ/မရှိ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)တွင် ညွှန်ကြားထားသော ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/မရှိနှင့် ဗူးဆီများတွင် အသားတင် ပမာဏအား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြ ထားခြင်းရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)