
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင် မြင်သော ကျောင်းသား/သူများအား ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ၁၄.၉.၂၀၂၅ ရက်နေ့၊နံနက် (၀၉း၀၀) နာရီက ရွှေဟင်္သာခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည် သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အခမ်းအနားကို ကျောင်းသား/ သူများက ပညာရည်ချွန် လူရည်မွန် တေးသီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အတွက် လိုအပ်နေသည့် အရည်အသွေး မြင့်မားသော အသိပညာရှင်၊ အတတ်ပညာရှင်များ၊ လူရည်ချွန်၊ လူရည်မွန်များ မွေးထုတ်ပေး နိုင်သည့် ဘက်စုံပညာရေးစနစ်ကို နိုင်ငံတော်က ထူထောင်ပေးထားပြီးဖြစ်တာနှင့်အညီ ဤပညာရေးစနစ် သက်ဝင်ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန် မိဘပြည်သူများ၊ ဆရာ/ဆရာမ များ၊ ကျောင်းသား/သူများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ စေတနာရှင်ပြည်သူများ အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားသည်။ ဆက်လက်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ၆ ဘာသာဂုဏ်ထူးရှင် ၃ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၉ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၁၁ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၁၉ ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၄၄ ဦး ၊ ၁ ဘာသာဂုဏ်ထူးရှင် ၇၀ ဦး၊ မြို့နယ်အတွင်း အောင်ချက် အကောင်းဆုံးကျောင်း (၁၁)ကျောင်းနှင့် အလှူရှင်များအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပညာရည်ချွန်ဆုနှင့် ဂုဏ်ပြုဆုများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး ကျောင်းသား/ သူများက ဂီတဘာသာရပ်မှ ဆန်းနွေဦး သီချင်းဖြင့် ကပြခြင်းနှင့် ဘက်စုံ ပညာရည် ဒို့လှမ်းချီ သီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
DOCA (မွန်)