
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက် အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက် အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ဝက်သားများကို ကန့်ဘလူမြို့ရှိ လက်လီ/ လက္ကားဒိုင်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဝက်သားရှယ် (၁)ပိဿာ(၃၆၀၀၀)ကျပ်၊ ဝက်ပေါင် သား(၁)ပိဿာလျှင် (၃၃၀၀၀)ကျပ်၊ နံကိုင်းသား(၁)ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း အမဲသားသန့်(၁)ပိဿာလျှင် (၂၈၀၀၀)ကျပ်၊ ရိုးရိုး(၁)ပိဿာလျှင် (၂၅၀၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ အသားရောင်းချသူများထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)