
၁၂.၉.၂၅ ရက်နေ့၊ နံနက် (၁၀း၃၀) အချိန်တွင် ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပုသိမ်မြို့၊ မဥ္ဇူလမ်းရှိ ရွှေလမင်း ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်းအား သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် တစ်နေ့ ထုတ်လုပ်နိုင်မှုအခြေအနေ၊ ဖြန့်ဖြူး ရောင်းချမှုအခြေအနေ၊ ပေါင်မုန့် ပြုလုပ်ရာတွင် သန့်ရှင်းမှု ရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
(DOCA)ဧရာဝတီ