
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်၊ သစ်ရာမြိုင်ရပ်ကွက်နှင့် ပိတောက်မြိုင်ရပ်ကွက် အတွင်းရှိ အဖျော် ယမကာ နှင့် အချိုရည်မျိုးစုံ ရောင်းချသည့် ဆိုင်များအား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီ အချိန်တွင် ကျွန်းလှမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်၍ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံတို့ ပူးပေါင်း အဖွဲ့မှ သွားရောက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သတ်မှတ်ထားသော ယစ်မျိုးလိုင်စင် - C လျှောက်ထားသော အဖျော်ယမကာ နှင့် အချိုရည်မျိုးစုံ ရောင်းချသည့် အရောင်းဆိုင်များအား လိုင်စင်စည်းကမ်းချက်များ နှင့်အညီ ရောင်းချခြင်း ရှိ/မရှိတို့အား သွားရောက်စစ်ဆေးခဲ့ရာ ယစ်မျိုးလိုင်စင် - C တွင် သတ်မှတ်ထား သော စည်းကမ်းချက်များအတိုင်း ရောင်းချကြောင်း နှင့် တရားမဝင် အရက်များရောင်းချခြင်း မပြုရန် ညွန်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)