Main menu

မင်္ဂလာတောင်ညွန့်မြို့နယ်၊ City Express သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (စစ်ဆေး ရေးအရာရှိ)နှင့်ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ဖြင့်ပူးပေါင်း၍ မင်္ဂလာ တောင်ညွန့်မြို့နယ်၊  City Express သို့ (၁၂-၉-၂၀၂၅) ရက်နေ့ ၊ နေ့လည် (၁၂:၀၀) နာရီ အချိန် တွင်သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် City Express တွင် ရောင်းချလျှက်ရှိ သော ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသောဈေးနှုန်း များကောက်ခံခြင်း၊ ကုန်ပစ္စည်းများ ကန့်သတ်ရောင်းချမှုအခြေအနေနှင့် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ တို့ကို သွားရောက်စစ်ဆေးခဲ့ပြီး စစ်ဆေးရေးအရာရှိက ကုန်ပစ္စည်းများစစ်ဆေးရာတွင် စားသုံး သူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင်ပါရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ နှင့်ကိုက်ညီမှုရှိသော ကုန်စည်များဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ၊ ဥပဒေပါ အခန်း(၁၁)ရှိ ကုန်စည် နှင့်ပတ်သက်၍ အာမခံချက်ပေးခြင်းနှင့် အခန်း(၁၇)ပါ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု အပေါ် တာဝန်ရှိမှုနှင့် စပ်လျဉ်း၍ ‌ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)