Main menu

ကမ္ဘောဒီးယားနှင့် တရုတ်ကုမ္ပဏီများ တရုတ်နိုင်ငံသို့ သီဟိုဠ်စေ့တင်ပို့မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

Powered by Drupal

  ကမ္ဘောဒီးယားနှင့် တရုတ်ကုမ္ပဏီများသည် ကမ္ဘောဒီးယားသီဟိုဠ်စေ့များကို တရုတ်ဈေးကွက်သို့ တင်ပို့မှု မြှင့်တင်ရန် နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၅ တန်ဖိုးရှိသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အတွင်းရေးမှူး Samheng Bora၊ EPTF ဥက္ကဋ္ဌ Sinomach Hainan မှ Zou Zhun နှင့် တရုတ်နိုင်ငံ Hangzhou နှင့် Guangxi ပြည်နယ်ရှိ ကုမ္ပဏီငါးခုမှ ကိုယ်စားလှယ်များ၊ ကမ္ဘောဒီးယား Nut Agro Product Co., Ltd. နှင့် ကမ္ဘောဒီးယား Cashew Nut Agro Product Co., Ltd. တို့ တွေ့ဆုံပြီးနောက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ ပြုလုပ်ခဲ့သည်။ အဆိုပါ နားလည်မှုစာချွန်လွှာအရ လာမည့်သုံးနှစ်အတွင်း သီဟိုဠ်စေ့ခြောက်တန်ချိန် ၂၀,၀၀၀ နှင့် သီဟိုဠ်စေ့တန်ချိန် ၅,၀၀၀ ကို တရုတ်နိုင်ငံသို့ နှစ်စဉ်တင်ပို့မည်ဖြစ်သည်။ အခမ်းအနားတွင် Samheng Bora မှ Sinomach Hainan အား ၎င်း၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ဘောဒီးယား အလားအလာရှိသော ထုတ်ကုန်များကို တရုတ်ဈေးကွက်သို့ တင်ပို့ရန် ကြိုးပမ်းမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။  ကမ္ဘောဒီးယားရှိ သီဟိုဠ်စေ့တန်ဖိုးကွင်းဆက်ကို အားကောင်းလာစေရန်၊ ဒေသထွက် သီဟိုဠ်စေ့ကို တိုးချဲ့လုပ်ဆောင်ခြင်းနှင့် ကမ္ဘောဒီးယားရှိ သီဟိုဠ်စေ့တန်ဖိုးကွင်းဆက်ကို ခိုင်မာအားကောင်းစေမည့် ဖြစ်နိုင်ခြေများကို ဆက်လက် လေ့လာရန် ကုမ္ပဏီအား ဆက်လက်တိုက်တွန်းခဲ့သည်။ အဆိုပါနားလည်မှုစာချွန်လွှာသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ကမ္ဘောဒီးယား သီဟိုဠ်စေ့အသင်းတို့မှ တစ်ဆင့် ကမ္ဘောဒီးယားအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ထင်ဟပ်စေကာ လက်ရှိဈေးကွက် များကို ထိန်းသိမ်းရန်၊ အသစ်များဖွင့်လှစ်ရန်နှင့် ကမ္ဘောဒီးယားနိုင်ငံ၏ သီဟိုဠ်စေ့ကဏ္ဍတွင် ပိုမိုရင်းနှီးမြုပ်နှံရန် တွန်းအားပေးဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

DOCA(ရန်ကုန်)