
ကမ္ဘောဒီးယားနိုင်ငံသည် ၎င်း၏ သီဟိုဠ်စေ့လုပ်ငန်းကို ကမ္ဘာလုံးဆိုင်ရာ အပြိုင်အဆိုင် ကဏ္ဍတစ်ခုအဖြစ် အသွင်ပြောင်းရန် အကြီးတန်းအရာရှိများက အလားအလာရှိသော တရုတ်ရင်းနှီးမြုပ်နှံမှုများကို ကြိုဆိုခဲ့ပြီးနောက် ကမ္ဘောဒီးယား၏ ရည်မှန်းချက်သည် ကုန်ကြမ်းတင်ပို့မှုမှ တန်ဖိုးမြင့်လုပ်ငန်းသို့ ပြောင်းလဲလာခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၊ စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု (MISTI) ဝန်ကြီး Hem Vandy သည် Kampu Nuts Agro Product နှင့် China National Machinery Industry Corporation (SINOMACH) မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံအတွင်းရှိစက်ရုံများနှင့် အဆင့်မြင့်စက်ပစ္စည်းများတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ဆွေးနွေးခဲ့သည်။ တွေ့ဆုံစဉ် ကိုယ်စားလှယ်အဖွဲ့ သည် ကမ္ဘောဒီးယားနိုင်ငံအတွင်း အခြေခံအဆောက်အအုံများ ဆောက်လုပ်ရန် အခိုင်အမာ စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ကြသည်။ ကမ္ဘောဒီးယားသည် ကမ္ဘာ့ထိပ်တန်း သီဟိုဠ်စေ့အကြမ်း ထုတ်လုပ်သည့်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်လာခဲ့ပြီး တရားဝင်ခန့်မှန်းချက်များအရ နှစ်စဉ် အထွက်နှုန်းမှာ တန်ချိန်တစ်သန်းကျော်ရှိသည်။ သို့သော်လည်း ဤထုတ်လုပ်မှုအများစုကို ကုန်ကြမ်းပုံစံဖြင့် တင်ပို့နေပြီး အများစုမှာ ဗီယက်နမ်နိုင်ငံသို့ တင်ပို့ လျက်ရှိသည်။ အစိုးရသည် ဤပုံစံကို ပြောင်းလဲလိုကြောင်း Hem Vandy က အလေးပေးပြောကြားခဲ့ သည်။ ကမ္ဘောဒီးယား သည် အထည်ချုပ်လုပ်ငန်းများအပေါ်မှီခိုအားထားမှုကို လျှော့ချရန်နှင့် တန်ဖိုးမြင့်ကုန် ထုတ်လုပ်မှုကို ဆွဲဆောင်ရန် ကမ္ဘောဒီးယားမှ စိုက်ပျိုးရေးစက်မှုလုပ်ငန်း မျိုးစုံကွဲပြားမှုကို ကြီးမားသောကဏ္ဍစုံခွဲဝေမှုကို တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။ ကမ္ဘာပေါ်တွင် သီဟိုဠ်စေ့ စားသုံးမှုအများဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားအတွက် အဓိကပစ်မှတ်ဈေး ကွက်ဖြစ်လာစေရန် ရည်ရွယ်ထားပြီး ပြုပြင်ပြီးသား သီဟိုဠ်စေ့များကို တရုတ်နိုင်ငံသို့ တိုက်ရိုက် တင်ပို့ခြင်းသည် နိုင်ငံတော်က ကုန်ကြမ်း သီဟိုဠ်အစေ့အဆန်များ တင်ပို့ခြင်းအစား ပြည်တွင်း၌ တန်ဖိုးပိုမိုရရှိစေမည်ဖြစ်ကြောင်း Hem Vandy ကဆက်လက်ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား သီဟိုဠ်စေ့အသင်း (CAC) ၏ အဆိုအရ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ (၈) လ အတွင်း ပြည်ပဈေးကွက်များသို့ သီဟိုဠ်စေ့ အကြမ်း တန်ချိန် ၉၄၁,၀၀၀ ခန့် တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံခန့် ရရှိခဲ့သည်။
DOCA(ရန်ကုန်)