
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ပန်းတနော်မြို့နယ် တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၅-၉-၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီး ဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ ပူးပေါင်း၍ ပန်းတနော်အလယ်ပိုင်းရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုး ရောင်းချသည့် ဆိုင်း ၄ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ စစ်ဆေးရေား တာဝန်ရှိသူများ က ကလေးအသုံး အဆောင်ပစ္စည်းအမျိုးမျိုးတွင် ဘေးအန္တရာယ်ကင်းရှင်းရေး စံနှုန်းကောင်းမွန်သော ကုန်စည်ကို ရောင်းချရန်၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန်၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက် မှတ်ပုံတင်ပြုလုပ်၍ စနစ်တကျဖြန့်ဖြူး ရောင်းဝယ်မှု ပြုလုပ်ရန်၊ တရားမဝင်ကုန်စည်များ ဈေးကွက်အတွင်းရောင်းချခြင်းမပြုရန်တို့ကို အသိပညာပေးခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
DOCA(ဧရာဝတီ)