
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးမျိုးထွန်း၊ ဦးစီးအရာရှိနှင့် ဒေါ်သင်းသင်းအေး၊ ဒု-ဦးစီးမှူးတို့သည် မန္တလေးမြို့ပေါ်ရှိ အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်သည်မြို့နယ်အတွင်းရောင်းချနေသောလုပ်ငန်း၊နေရပ်လိပ်စာနှင့်ကုန်စည်များသည် မြေပြင်တွင် အမှန်တကယ်ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများကို (၇-၁၀-၂၀၂၆) ရက်နေ့၊နံနက်(၁၁:၃၀)နာရီအချိန်တွင်မှတ်ပုံတင်ထားသည့်လုပ်ငန်းရှင်များထံသို့မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းမှ မှတ်ပုံတင် ထားသည့်လုပ်ငန်းများဖြစ်သည့် အထည်အလိပ်အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ၊ အလှကုန် ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် အခြားဝန်ဆောင်မှုများရောင်းချသည့် လုပ်ငန်းရှင်များထံသို့ သွားရောက်၍ အွန်လိုင်းမှတ်ပုံတင်စဉ်ကဖြည့်သွင်းထားသည့် နေရပ်လိပ်စာ၊ ရောင်းချရန် ကုန်စည်(သို့) ဝန်ဆောင်မှုအမျိုးအစားများအတိုင်းကိုက်ညီမှု ရှိ/မရှိ စသည်တို့ကိုမေးမြန်းစစ်ဆေးရာ မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချလျက် ရှိကြောင်း စစ်ဆေးတွေ့ရှိရခြင်း၊ အွန်လိုင်းရောင်းချမှု လုပ်ငန်းနှင့်စပ်လျဉ်း၍ မြေပြင်စစ်ဆေးခြင်း လုပ်ငန်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး မှတ်ပုံတင်လက်မှတ် ရရှိပြီးနောက် တာဝန်ဖောက်ဖျက်မှု ရှိ/မရှိကို မြေပြင် ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းစဉ်အတိုင်းစစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီးတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူ ဆောင်ရွက်နိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အရလည်းအရေးယူခံရမည်ဖြစ်ကြောင်းနှင့်စားသုံးသူကာကွယ်ရေးဥပဒေပါစားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအကြောင်းများကို အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်အား သိရှိနိုင် စေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
