Main menu

ကလေးဝမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းများအား ဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်း ရှိ/ မရှိ၊ အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

       ( ၁၄.၁၀.၂၀၂၆ ) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ဦးစီးမှူးရုံး နယ်မြေအတွင်းရှိ ကလေးဝမြို့တွင် ဦးကျော်ကျော်မိုး ( မြို့နယ်တာဝန်ခံ) မှ ဦးဆောင်၍ ဝန်ထမ်း (၂) ဦးနှင့် မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ် ( ၁ ) ရပ်ကွက်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ အထူးဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့စစ်ဆေးခဲ့ရာတွင် ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များ၌ ဆေးရောင်းချခွင့် လိုင်စင်သက်တမ်းများ ရှိ/ မရှိ စစ်ဆေးခြင်း၊ စည်ပင်လိုင်စင်များ သက်တမ်းတိုးထားခြင်း ရှိ/ မရှိ  မိမိနှင့် သက်ဆိုင်သည့် ဌာနအလိုက် တိုက်ဆိုင်စစ်ဆေးခဲ့ကြပြီး၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိ၊ ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်း ရှိ/ မရှိ၊ ဆေးဈေးနှုန်းများမြှင့်တင် ရောင်းချရန်ရည်ရွယ်ချက်ဖြင့် ဆေးများသိုလှောင် ထားခြင်းရှိ/ မရှိနှင့် ဆေးများပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ သက်တမ်းလွန် ဆေးဝါးများအား အထူးဂရုပြု၍ သိမ်းဆည်းစွန့်ပစ်ပေးရန်နှင့်  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၃) ပုဒ်မ (၂၆)ပါ စီးပွားရေး လုပ်ငန်းရှင်များသည် စားသုံးသူများအပေါ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးနိုင်သည့် အချက်များအား သိရှိနိုင်စေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)