Main menu

ကျွန်းလှမြို့တွင် ငါးဖန့်ဝိုင်း ဈေးအနည်းငယ်မြင့်တက် လျက်ရှိ

Powered by Drupal

    ကျွန်းလှမြို့နယ်အတွင်း လူသုံးကုန်၊ စားသောက်ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက် ရှိရာမှ အသားငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပြီး သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက် ရေချိုငါးများကို ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

     စက်တင်ဘာလ တတိယပတ်တွင် ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာ ငါးဒိုင်တွင် ရောင်းချလျက် ရှိသော ငါးဖန့်ဝိုင်း ဈေးနှုန်းအနေဖြင် ငါးဖန့်ဝိုင်း တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၇၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သည့် ငါးဒိုင်ပိုင်ရှင်ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)