
ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊စက်တင်ဘာလ(၁၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့ (၁) ရပ်ကွက်ရှိ ဂွတ်ရှယ် သုံးထောင့် မုန့် လုပ်ငန်း သို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
မုန့်ထုတ်လုပ်ရန်အတွက် ပါဝင်ပစ္စည်းများမှာ ဂျုံ၊သကြား၊ဆီ၊ ရေသန့်၊ ကြက်ဥ၊နို့၊ ထောပတ်၊ ဆားတို့ဖြစ်ကြပါသည်။ထုတ်လုပ်မှု အနေဖြင့် သုံးထောင့်မုန့် ဘူး တစ်နေ့လျှင် (၂၀၀) ဘူးခန့် ထုတ်လုပ်နိုင်ပြီး တစ်ဘူးလျှင် (၆) ခုပါဝင်ပါသည်။ဈေးနှုန်းဈေးကွက်အနေဖြင့် တစ်ဘူးလျှင် (၃၀၀၀) ကျပ်နှုန်းဖြင့် လက်လီ/လက်ကားဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး လုပ်သားဦးရေ (၈) ဦးဖြင့် မော်ကျွန်း၊ ကဒုံ၊ ဧရာနှင့် ဒလမြို့နယ်များသို့ တင်ပို့ရောင်းချ လုပ်ကိုင်လျက်ရှိပါသည်။
ထို့နောက် မြို့နယ်တာဝန်ခံမှ ထုတ်လုပ်သော ကုန်စည်နှင့် ပက်သက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ကုန်စည်အမှတ် တံဆိပ်နှင့် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထား ရှိကြရန် တိုက်တွန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)