Main menu

ရင်ခေါင်းဖွင့်စရာမလိုဘဲ နှလုံးအစားထိုးမှုလုပ်နိုင်တဲ့အထိတိုးတက်လာတဲ့ ဆေးဘက်နည်းပညာ

Powered by Drupal

   နှလုံးဆိုတာ လူတစ်ဦးအတွက် မရှိမဖြစ်အရေး ပါတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပါတယ်။ သို့ပေမယ့်လည်း နှလုံးဆိုတာမျိုးက အကြောင်း ရင်းတစ်ခုခု ကြောင့်  ပျက်စီးမှုနဲ့ကြုံတွေ့ရနိုင်တဲ့ ကိုယ်တွင်း အင်္ဂါတစ်ခုလည်းဖြစ်ပါတယ်။ ဟိုအရင် တုန်းက နှလုံးပျက်စီးမှုနဲ့ ကြုံတွေ့ရရင် သေဆုံးခြင်းသာရှိပါတယ်။ နောက်ပိုင်းမှာတော့ နှလုံးကိုအစား ထိုးလာနိုင်တဲ့ ဆေးပညာ တိုးတက်မှုကြောင့် နှလုံးပျက်စီးမှုဟာ ပြဿနာကြီးတစ်ခုမဟုတ်တော့ပြန် ပါဘူး။ ဒါပေမဲ့ နှလုံးအစားထိုးဖို့အတွက် ရင်ခေါင်း ဖွင့်တာမျိုး၊ ရင်အုံရိုးကိုချိုးရတာမျိုးတွေလုပ်ရပါတယ်။ ဒါက နှလုံးအစားထိုးခွဲစိတ်မှုရဲ့ ဘေးထွက် ဆိုးကျိုးတစ်ခုလို့ ပြောရင်မမှားဘူးပေါ့။ အခုတော့ ဆေးဘက်နည်းပညာတိုးတက်လာပါပြီ။ နှလုံးကို အစားထိုးခွဲစိတ်မှု လုပ်တဲ့အခါ ရင်ခေါင်းဖွင့် စရာမလို တော့လောက်အောင် နည်းပညာကတိုးတက်လာ တာပါ။

          ဘေလာစိန့်လုဆေးရုံမှ ဒေါက်တာ ကန်းနက် လျောင်ဦးဆောင်တဲ့ နှလုံးခွဲစိတ်ဆရာဝန် များက ခွဲစိတ်ခန်းသုံးစက်ရုပ်ကို အသုံးပြုပြီး နှလုံးအစားထိုး ခွဲစိတ်မှုကိုလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီခွဲစိတ်မှုမှာ သမားရိုးကျခွဲစိတ်မှုလိုမျိုး ရင်ခေါင်းဖွင့်ခြင်းကို လုပ်ဆောင်ရခြင်း မရှိပါဘူး။ အဲဒီအစား သေးငယ်တဲ့ ခွဲစိတ်ရာလေးတွေကနေတစ်ဆင့် စက်ရုပ်လက်တံလေး တွေက ပျက်စီးနေတဲ့နှလုံးဆီအရောက်သွားပြီး လိုအပ်တဲ့ဖယ်ရှားမှုများလုပ်ကာ ဝမ်းခေါင်းဘက် က နေအဲဒီနှလုံးကိုပြန်ထုတ်ပေးပါတယ်။ ပြီးတဲ့အခါ အလှူရှင်ဆီကနေ ရရှိထားတဲ့နှလုံးကို ပြန်ထည့်ပြီး ခွဲစိတ်မှုကိုအဆုံးသတ်လိုက်တာဖြစ်ပါတယ်။

          စက်ရုပ်နည်းပညာကိုအသုံးပြုပြီး အသေးစားခွဲစိတ်မှုတွေလုပ်ဆောင်နေတာကြာခဲ့ပါပြီ။ အဲဒီခွဲစိတ်မှုတွေထဲမှာ ဆီးကျိတ်နဲ့ပတ်သက်တဲ့ခွဲစိတ်မှုမှ စလို့အဆို့ရှင်ပြုပြင်မှုနဲ့ ပတ်သက်တဲ့ ခွဲစိတ်မှု အထိပါဝင် ပါတယ်။ ဒါပေမဲ့ အခုလိုမျိုး စက်ရုပ်နည်းပညာအသုံးပြုပြီး နှလုံးတစ်ခုလုံးကို အစားထိုးလဲလှယ်တဲ့ခွဲ စိတ်မှုလုပ်တာက အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံး ဖြစ်ပါတယ်။ စက်ရုပ်နည်းပညာရဲ့ တိုးတက်လာတဲ့ မီလီမီတာအဆင့်ထိတိကျမှုက ဒီလိုမျိုးအကြီးစားခွဲစိတ်မှု မှာ တောင်မှ ကြီးမားတဲ့ခွဲစိတ်ရာတွေလုပ်စရာ မလိုဘဲ ခွဲစိတ်မှုကိုအောင်မြင်အောင် လုပ်ဆောင် နိုင်ခဲ့တာပါ။ ဒီနည်းပညာရဲ့ အောင်မြင်မှုကတော့ နှလုံးအစားထိုးခွဲစိတ်မှုခံယူတဲ့လူနာဟာ ဆေးရုံမှာတစ်လလောက်သာနေပြီး   ဘယ်လိုမျိုး နောက်ဆက်တွဲ ပြဿနာမျိုးမှမရှိဘဲ ဆေးရုံ ကနေ ဆင်းခွင့်ရရှိသွား ခြင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် အခုလိုမျိုးအောင်မြင်မှုက နောင်တစ်ချိန်မှာ ဘယ်လိုမျိုးရှုပ်ထွေးလှပါတယ်ဆိုတဲ့ ခွဲစိတ်မှုပဲလာလာ စက်ရုပ်နည်းပညာကို အသုံးပြုခြင်း အားဖြင့် အလွယ်တကူဖြေရှင်းနိုင်စေမယ့် ကောင်းကျိုးအတွက် အကောင်းဆုံးအကြောင်း ရင်းကြီးတစ်ခုဖြစ်လာပါတယ်။

DOCA (ဧရာဝတီ)