Main menu

အမေရိကန်မှာပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်မျိုးကွဲ NB.1.8.1

Powered by Drupal

   ကိုဗစ်-၁၉ ရောဂါက အခုတလောနိုင်ငံတချို့မှာ ပြန်လည်ပျံ့နှံ့လာနေပါတယ်။ ဒီရောဂါ ကိုဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ် ဆိုတာကလည်း အခု အချိန်အထိကို ပျောက်ကွယ်သွားခြင်း မရှိသေးဘဲ မျိုးကွဲတွေတစ်မျိုးပြီးတစ်မျိုးပြောင်းလဲ ဖြစ်ပေါ်လာ နေဆဲဖြစ်တယ်လို့ ကျန်းမာရေး ပညာရှင်များစွာက သတိပေးထားပါတယ်။

          လက်ရှိမှာဆိုရင်ပဲ အမေရိကန်နိုင်ငံမှာ NB.1.8.1 ဆိုတဲ့ ကိုရိုနာဗိုင်းရပ်မျိုးကွဲတစ်မျိုး ပျံ့နှံ့ လျက်ရှိနေ တာကိုတွေ့ရပါတယ်။ အထူးသဖြင့် အမေရိကန်ပြည် ထောင်စုထဲကိုဝင်ရောက်ရာ နေရာများဖြစ်တဲ့ အပြည် ပြည်ဆိုင်ရာလေဆိပ်များမှာ ဒီရောဂါပိုးကူးစက်ခံရ သူတွေကိုစစ်ဆေး တွေ့ရှိရတာကနေ  ပြည်တွင်းကူးစက်မှုအထိမြင့်မားလာတာပါ။ ဒီကိုရိုနာဗိုင်းရပ် မျိုးကွဲကိုတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လေ့လာစောင့်ကြည့်နေဆဲမျိုးကွဲတစ်ခုဖြစ်တယ်လို့ ထုတ်ပြန်ထား ပါတယ်။

          အမေရိကန်နိုင်ငံအတွင်းမှာ NB.1.8.1 မျိုးကွဲဟာ ဧပြီလကုန်ပိုင်းတုန်းက စတင်ပျံ့နှံ့ခဲ့တာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ အဓိကအားဖြင့် တရုတ်၊ ပြင်သစ်၊ ဂျပန်၊ နယ်သာလန်၊ စပိန်၊ တောင်ကိုရီးယားနဲ့ ထိုင်း နိုင်ငံတို့မှ အမေရိကန်ကိုရောက်ရှိလာတဲ့ ခရီးသွား တွေဆီမှာ ပါလာခဲ့ တာဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာဆိုရင် အဲဒီမျိုးကွဲကတော်တော်လေးကိုပျံ့နှံ့နေတာ ဖြစ်ပြီး  ကူးစက်ခံရသူများအနက်  အရေးပေါ်ကုသမှုခံယူရသူများရှိသလို ဆေးရုံတက်ရောက် ကုသမှုခံယူရသူများ လည်းရှိနေတာကို တွေ့ရှိရပါတယ်။ အမေရိကန်နိုင်ငံအတွင်းမှာဆိုရင် ကယ်လီဖိုးနီးယား၊ ဟာဝိုင်ယီ၊ နယူးယောက်၊ အိုဟိုင်းယိုး၊ ဗာဂျီးနီးယား နဲ့ ဝါရှင်တန် တို့လိုပြည်နယ်တွေမှာ ကူးစက်မှုဖြစ်ပွား နေတာကိုတွေ့ရပါတယ်။

          ဒါကြောင့် NB.1.8.1 ဗီဇပြောင်းရောဂါပိုးကိုဘယ် လိုမျိုးကာကွယ်ရမလဲဆိုတော့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကိုပဲ ဆက်လက်ထိုးနှံနိုင်ပါတယ်။ ကာကွယ်ဆေးထိုးခြင်းအားဖြင့် အသက်အရွယ်ကြီး ရင့်သူများ၊ ကိုယ်ခံအားနည်းသူများမှာ ရောဂါပြင်း ထန်စွာဖြစ်ပွားနိုင်ခြေကို ကောင်းစွာလျှော့ချပေးနိုင်မှာပါ။ ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာကွယ်ရေးနည်းလမ်း များဖြစ်တဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး ကိုဂရုစိုက်ခြင်း၊ လူထူထပ်တဲ့နေရာများသို့သွားခြင်းကို ရှောင်ခြင်း တို့အားဖြင့်လည်း ရောဂါကူးစက်မှုကို ကာကွယ်နိုင်ပါတယ်။