Main menu

ကျွန်းလှမြို့တွင် ဈေးအနည်းငယ်ကျဆင်းလာသော အာလူး နှင့် ဂျင်း(ချင်း) ဈေးနှုန်း

Powered by Drupal

     ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ ၊ ပိတောက်မြိုင်ဈေးကွက်အတွင်း အာလူးသီး နှင့် ဂျင်း(ချင်း)တို့ကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင် မန္တလေးတိုင်းဒေသကြီးမှ တဆင့် အများဆုံး မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

    စက်တင်ဘာလ တတိယ ပတ်တွင် ပိတောက်မြိုင်ဈေး၌ ရောင်းချနေသော အာလူးသီးဈေးနှုန်း အနေဖြင့် အားလူးသီးအလုံးကြီး ()ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၃၀၀)ကျပ်၊ အာလူး သီး အလုံးသေး()ပိဿာလျှင်(၄၅၀၀)ကျပ် (၅၀)ကျပ်သား လျှင်(၂၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ ဂျင်း(ချင်း) တက်()ပိဿာလျှင်(၆၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  ရောင်းချ သောကြောင့် ယခင်အပတ်ထက် အာလူးသီးဈေး တစ်ပိဿာလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများတွင်  ကြက်သွန်ဖြူ/ နီ /အာလူး /ဂျင်း(ချင်း) အရောင်းအဝယ် ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)