
လူတစ်ယောက်ဟာ ရုတ်တရက်သေဆုံးသွားရတယ်ဆိုတာ အကြောင်းရင်း များစွာရှိနိုင်ပါတယ်။ အဲဒီအကြောင်းရင်း တွေတစ်ခုမှာ ရုတ်တရက်နှလုံးရပ်ခြင်း လည်းပါဝင်ပါတယ်။ အခုအဲဒီလိုမျိုးနှလုံး ရပ်ခြင်းကို ပြန်လည်ကောင်းမွန်စေမယ့် ကုထုံးတစ်ခုကို ပညာရှင်များကဖော်ထုတ် လိုက်နိုင်ပါပြီ။ အဲဒီကုထုံးကိုတော့ မျိုးရိုး ဗီဇကုထုံးလို့ခေါ်ပါတယ်။ လက်ရှိ ဒီကုထုံး ကိုတိရစ္ဆာန်တွေနဲ့စမ်းသပ်ရာမှာ အောင် မြင်မှုတွေရနေတယ်ဆိုတာကိုတွေ့ရတယ်လို့ဆိုပါတယ်။
ဒီကုထုံးနဲ့စမ်းသပ်ရာမှာ နှလုံးအနေနဲ့ သွေးကိုပိုမိုညှစ်ထုတ်ပေးနိုင်ပြီး အသက် ရှင်သန်နိုင်စွမ်းကိုလည်း ပိုမိုတိုးမြင့်လာ စေတယ်လို့ဆိုပါတယ်။ ဒါကြောင့်လည်း ဒီကုထုံးရဲ့ရလဒ်ကို မျှော်လင့်မထားတဲ့ ပြန်လည်နာလန်ထူမှုလို့ခေါ်ကြောင်း npj Regenerative Medicine ဆိုတဲ့ဂျာနယ် မှာဖော်ပြထားပါတယ်။
DOCA (ဧရာဝတီ)