Main menu

လေ့ကျင့်ခန်းလုပ်ခြင်းက မှတ်ဉာဏ်လျော့ကျခြင်းကိုကာကွယ်နိုင်

Powered by Drupal

   မစ်ဆိုရီတက္ကသိုလ်မှသုတေသနပညာရှင်များက ကျန်းမာရေးနဲ့ပတ်သက်ပြီး အချက် အလက် တစ်ခုကို ရှာဖွေဖော်ထုတ်လိုက်နိုင်ပါတယ်။ အဲဒီအချက်အလက်က တော့ လေ့ကျင့်ခန်း လုပ်ခြင်းက ဦးနှောက် ရဲ့ကျန်းမာရေးကိုကောင်းစေတယ်ဆိုတာပါပဲ။ အထူးသဖြင့် မှတ်ဉာဏ် လျော့နည်း ကျဆင်းမှုကို ကာကွယ်ပေးနိုင်တယ်ဆို တဲ့အချက်ဖြစ်ပါတယ်။

          ဦးနှောက်ကိုစွမ်းအင်ပေးနိုင်ဖို့အတွက် လူ့ခန္ဓာကိုယ်မှာ ဂလူးကို့(စ်)ထုတ်လုပ်မှုနည်းပါးတဲ့ အခါ အသည်းကနေ ကီတုန်းကိုထုတ်ပေးပါတယ်။ အကယ်၍အသည်းကအားနည်းပြီး ကီတုန်း တွေကို မထုတ်လုပ်နိုင်ဘူးဆိုရင်တောင်မှ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ဦးနှောက်ရဲ့ ကျန်းမာရေးကို ကောင်းစေတယ်ဆိုပြီးတော့ သုတေသနပညာရှင်များက တွေ့ရှိထားတာ ဖြစ်ပါတယ်။ 

DOCA (ဧရာဝတီ)