Main menu

ကန့်ဘလူမြို့နယ်၌ ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့သည် ကန့်ဘလူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ  (အ.ထ.က)(၂)ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင်များအား ကျောင်းဆရာ/ဆရာမများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်၍  ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆမများပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသည့် မုန့်မျိုးစုံတွင် ကုန်အညွှန်အမှတ်အသားများကို(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ကြောင်း၊ မြို့နယ်တာဝန်ခံက လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့် ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသည့်ကုန်စည်များ စသည်တို့ကိုရောင်းချရန် အသိပညာပေးပြောကြားခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များပါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)