Main menu

တောင်ငူခရိုင် ၊ အုတ်တွင်းမြို့နယ် နတ်စင်ကုန်း အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

Powered by Drupal

     တောင်ငူခရိုင်၊ အုတ်တွင်းမြို့၊ နတ်စင်ကုန်းအခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/ ကျောင်သူများအား သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီး ဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူပေါင်း၍ အသိပညာပေးဟောပြောပွဲကို (၁၀.၉.၂၀၂၅) ရက်နေ့ နံနက်(၉)နာရီ (၃၀)မိနစ် အချိန်ခန့်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

      ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်မှ အုတ်တွင်း မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်၊ ဒု-ဦးစီးမှူးက ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရယူသုံးစွဲခြင်းကြောင့် စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်စေသည့်အကြောင်းအရင်းများ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ခြင်းများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်း အမှတ်အသားများကို ဦးစားပေးဖတ်သင့်ကြောင်း နှင့် အွန်လိုင်းဈေးရောင်းချမှုနှင့်ပတ်သက်သည့် သိသင့်သိထိုက်သည့်အချက်များ၊ သတိပြုရမည့်အချက်များကို  အသိပညာပေးရှင်းလင်း ပြောကြားခဲ့ ပါသည်။

      ထိုဟောပြောပွဲ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းက ကျောင်းသား/ကျောင်းသူများအား သရုပ်ပြပုံပြင်နှင့် မှတ်သားဖွယ်ရာ ဗဟုသုတ စာအုပ်များအား ဖတ်ရှု့ပြသခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား၊ကျောင်းသူ (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

DOCA(ပဲခူး)